Saturday, May 11, 2013

Photo နှင့် Video များကိုလွယ်ကူစွာပေါင်းစပ်၍ Slide Show Movie ဖန်တီးနိုင်သော Photo Movie Theater 2.11



Photo, Video , Music များကို စနစ်တကျ လွယ်ကူစွာ Transitions Effect များထည့်ခါ အသုံးပြုလိုသော Format (သို့မဟုတ်) Device များသို့ တိုက်ရိုက် ဖန်တီးပေးနိုင်သော Photo Movie Theater 2.11 ဖြစ်ပါတယ်။ Transition Effect များနှင့် အခြား Effect များကို လွယ်ကူစွာ Preview ကြည့်နိုင်ပါတယ်။ ဖန်တီးလိုသည့် Project အလိုက် Children ,Family , Travel , Wedding စသည်ဖြင့် အဆင်သင့် သင့်တော်သော Project များကို ရွေးချယ်နိုင်ပါတယ်။ Out put Format များအနေနဲ့ DVD, iPod, iPhone, PSP, Mobile စသည်ဖြင့် Device အလိုက် ရွေးချယ်နိုင်သလို၊ MP4, AVI, WMV စသည်ဖြင့် File Format အလိုက်လည်း ရွေးချယ်နိုင်ပါတယ်။
Download လုပ်ပြီးလျှင် Rar File ကို ပြန်ဖြည်၍ photo-movie theater file ကို Install အရင်လုပ်ပေးရပါမယ်။ ထို့နောက် Photo-Movie Theater ကို ပြန်ပိတ်ပေးပြီးလျှင် photo-movie theater patch file ကို Run ပေးပါ။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း Patch ကိုနှိပ်ပေးလျှင် Full Version အသုံးပြုနိုင်ပါပြီ။ Patch ကိုနှိပ်သော်လည်း Patch လုပ်မည့် File ကိုရှာမတွေ့ပါက "Can not fine the file. Search the file?" ဟူ၍ပြောလျှင် Yes ကိုနှိပ်၍ Install လုပ်ထားသည့် File တည်ရှိရာ C: >> Program Files >> PhotoMovieTheater >> ကိုသွားပြီးနောက် pmt.exe file ကို Double Click နှိပ်ပေးလိုက်လျှင် Full Version အသုံးပြုနိုင်ပါပြီ။

Download link.... Photo Movie Theater 2.11

ပျော်တော်ဆက်

အလွမ်းရဲ့ ပြယုဉ် ထာဝရ ငါ့အတွက်လား ချစ်ခဲ့မိတာ လမ်းခွဲဖို့မှမဟုတ်တာ.... ရက်စက်တဲ. ကံကြမ္မာကြာ:မှာ လူးလွန့်စွာ ရွှေ့လျားရင်း ပျော်တော်ဆက် ငါ့မှာ မင်းအတွက်တော့အရံလူပါကွာ

Saturday, January 19, 2013

ချစ်သူများနေ့ဖြစ်ပေါ်လာပုံ

အေတီ ၃ရာစုတုန်းက ရောမမှာ နိုင်လိုမင်းထက် မင်းမှုနေတဲ့ Claudius လို့ခေါ်တဲ့ မင်းတပါး အုပ်စိုးခဲ့တယ်။ နန်းတော်နဲ့ သိပ်မကွာဝေးတဲ့ နေရာတခုမှာ လှပတဲ့ ဘုရားကျောင်း တဆောင်ရှိတယ်။ အဲဒီ ကျောင်းမှာ Valentine လို့ ခေါ်တဲ့ ဘုန်းတော်ကြီးတပါး နေထိုင်တယ်။ ရောမလူမျိုး ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာ မရွေး အဲဒီဘုန်းတော်ကြီးကို လေးစားကြတယ်။ ကိုးကွယ်ကြတယ်။ အမြဲလိုလို လူစု လူဝေးနဲ့ ဘုရားရှေ့ ထွန်းညှိထားတဲ့ မီးလျှံတွေ ကြားမှာ ဘုန်းတော်ကြီးရဲ့ ဆုတောင်းမှုကို နာယူကြတယ်။ ရောမရဲ့ စစ်ပွဲက အဆက်ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဘုရင်မင်းက ပြည်သူတွေကို အထာမ သိမ်းသွင်းပြီး စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်။ ယောက်ျားသားတွေက မိသားစုနဲ့ ချစ်သူတွေကို မခွဲချင်ကြဘူး။ Claudius ရဲ့ ရက်စက်ပုံက လူတွေကို မင်္ဂလာ မဆောင်ရလို့ အမိန့်ထုတ်ခဲ့တယ်။ စေ့စပ်ထားကြတဲ့ လူတွေကိုလဲ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ လူငယ်အများက ချစ်သူကို နှုတ်ဆက်ပြီး စစ်မြေပြင်ကို ထွက်ခဲ့ ကြရတယ်။ မိန်းကလေးတွေကလဲ ချစ်သူတွေကို ဆုံးရှုံး လွမ်းဆွတ်ပြီး ကျန်နေခဲ့ရတယ်။ Claudius ရဲ့ ရက်စက်ပုံကို ဘုန်းတော်ကြီး Valentine က စိတ်မကောင်းခဲ့ဘူး။ အဲဒီအချိန်မှာ ချစ်သူစုံတွဲ တတွဲက ဘုန်းတော်ကြီးကို အကူအညီလာ တောင်းခဲ့တယ်။ ဘုန်းတော်ကြီးက သူတို့နှစ်ဦးကို ဘုရားကျောင်းမှာ တိုးတိုး တိတ်တိတ် လက်ထပ်ပေးလိုက်တယ်။ ဒါကို တယောက်နား တယောက်ပေါက်ကြားပြီး ဘုန်းတော်ကြီးရဲ့ အကူအညီနဲ့ ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတယ်။ အဲဒီသတင်း ဘုရင့် နားဆီ ရောက်သွားခဲ့တယ်။ ဒေါသမိုးကြိုး အပြတ်ခြိမ်းလေပြီပေါ့။ ဘုရားကျောင်းကို စစ်သည်တချို့ စေလွှတ်ပြီး စုံတွဲတတွဲကို လက်ဆက်ပေး နေတဲ့ ဘုန်းတော်ကြီးကို ဖမ်းယူပြီး အချုပ်ထဲ သွင်းထားလိုက်တယ်။ ဘုရင်မင်းရဲ့ စွပ်စွဲချက်ကို လူတွေက အသနား ခံခဲ့ကြတယ်။ ဒါပေမဲ့ အရာ မရောက်ခဲ့ဘူး။ ဘုန်းတော်ကြီးဟာ အချုပ်ထဲမှာပဲ နှိပ်စက်ညှင်းပန်းမှုတွေ ခံပြီး ကွယ်လွန်သွားခဲ့ရတယ်။ လူတွေက သူ့ကို St. Praxedes ဘုရားကျောင်းမှာ မြုပ်နှံခဲ့ကြတယ်။ အဲဒီနေ့က အေတီ ၂၇၀ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ဖြစ်တယ်။